ပေါင်းတည် ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်အေးအေးဆင့်က ကျောင်းသား၊ ကျောင်းသူလေးများ ပြည်ထောင်စုစိတ်ဓာတ် သိရှိရန်၊ ဉာဏ်ရည်ထက်သန်စေရန်၊ စဉ်းစားတွေးခေါ်တတ်ရန်၊ ပူးပေါင်းဆောင်ရွက်တတ်ရန်နှင့် နေ့ထူးနေ့မြတ်များအား သိရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်းနှင့်ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် အ-မ-က(၁၁)လမ်း ကျောင်းမှ ကျောင်းသား ကျောင်းသူ(၁၀)ဦးနှင့် ပုံပြင်ပြောပြိုင်ပွဲတွင်(၇)ဦး၊ စုစုပေါင်း(၁၇)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ရုပ်ပုံနှင့် စာတွဲဆက်သည့် ဂိမ်းကစားပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဦးစီးမှူးက ဆုများချီးမြှင့်ပေးအပ်ကြောင်းနှင့် ဆုများကို ဘုန်းစိမ်းကြီးစတိုးမှ ပံ့ပိုးပေးကြောင်း သိရသည်။
အေးအေးဆင့်(ပြန်/ဆက်)