ဇီးကုန်းမြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲပြုလုပ်

ဇီးကုန်း ဖေဖော်ဝါရီ ၈

ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နေ့လယ် (၁) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မာမာဦးက ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်းနှင့် ပြည်ထောင်စုနေ့အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို တက်ရောက်လာ သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး၊ တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ် စာစောင်များထဲမှ မိမိတို့ဖတ်ရှုလေ့လာလိုသော စာအုပ်စာစောင်များကို စာကြည့်တိုက် တာဝန်ခံ ဒေါ်ရီရီမြင့်က ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ များက “ပြည်ထောင်စုနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို မြို့နယ်ဦးစီးမှူးနှင့် ဆရာမများမှ ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)