(၇၅)  နှစ်မြောက်  စိန်ရတုပြည်ထောင်စုနေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြောက်ဦးခရိုင် Community Centerခန်းမ ၌ ပုံပြင်ပြောပြိုင်ပွဲကျင်းပ

မြောက်ဦး ဖေဖော်ဝါရီ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centerခန်းမ၌ ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  မြောက်ဦးခရိုင် Community Centerခန်းမ၌ ကျောင်းသူ/ကျောင်းသားများ ပုံပြင်ပြောပြိုင်ပွဲကို ယနေ့နံနက်(၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အငယ်တန်းစာရေး ဦးမောင်ဝင်းက ရုပ်ပြစာအုပ်တွင်ပါရှိသည့် ''ကျောင်းတက်ချိန်'' ပုံပြင်အကြောင်းအရာထဲမှ ကျောင်းသူ/ကျောင်း သား လူငယ်များကို ကျောင်းမှန်မှန်တက်စာမခက် ဆိုတတ်စကားပုံအတိုင်း ကျောင်းမှန်မှန်တက် ပြီးစာကြိုးစားမှသာလျှင် အနာဂတ်တွင် မိမိတို့မျှော်မှန်းထားသော ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိ မည်ဖြစ်ကြောင်းနှင့်ရုပ်ပြပုံပြင် စာအုပ်ပါအကြောင်းအရာများထဲမှ ကျောင်းသူ /ကျောင်း သားလူငယ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပုံပြင်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်မူလတန်းအဆင့်ကျောင်းသူ/ကျောင်းသား(၁၅)ဦးမှ မိမိတို့ကြိုက်နှစ်သက်ရာ ပုံပြင် ခေါင်းစဉ်ဖြင့် ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ထိုပုံပြင်ပြိုင်ပွဲသို့ ပုံပြင်ပြော ဝါသနာပါသူ ကျောင်းသား/ ကျောင်းသူ (၂၅) ကျော်တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)