မူဆယ် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်၊ စက်မူရပ်၊ အောင်တော်မူ ကျောင်းတိုက်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ မူဆယ်ခရိုင်၊ တပ်ဖွဲ့ဝင်များကယနေ့နံနက် ၉ နာရီခွဲ အချိန်တွင် ခြုံများရှင်းလင်းခြင်း၊ ပေါင်းမြက်နှုတ်ခြင်း အမိပြည်သူ့အကျိုးပြုလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကျိုးပြုဆောင်ရွက်ရာတွင် မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှိုင်ကျော်မြင့် ဦးဆောင်၍ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့များ၊ မူဆယ်မြို့နယ် ရဲတပ်ဖွဲ့များ၊ မူဆယ်မြို့မစခန်းမှ ရဲတပ်ဖွဲ့များ၊ အမှတ်(၂) မူခင်းရဲတပ်ဖွဲ့များ(မူဆယ်)၊ သတင်းရဲတပ်ဖွဲ့များ(မူဆယ်)နှင့် အမှတ် (၁၂၅) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(မူဆယ်)တို့ စုစုပေါင်းတပ်ဖွဲ့ဝင်အား (၆၅)ဦးမှ ပြည်သူအကျိုး ပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ဇင်မောင်(မူဆယ်)