ဒေးဒရဲ ဖေဖော်ဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ ဘောလုံးကွင်းဟောင်းအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည် ထောင်စုနေ့ အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီ မိနစ် ၃၀ တွင် ကျင်းပခဲ့သည်။ အခမ်းအနားတွင် နိုင်ငံတော်အလံအား လွှင့်တင်ခြင်း နှင့် အလေးပြုခြင်းကို ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာလ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)