မြစ်သား ဖေဖော်ဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားကို ယနေ့နံနက် ၅ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးအတွင်းရှိ လွတ်လပ်ရေး အလံတိုင်ကွင်းရှေ့၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား တိုင်အပြည့်လွှင့်ထူပေးပြီးနောက် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြု ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခဲ့ကြကြောင်း သိရသည်။
မြမြမွန်(မြစ်သား)