ပြင်ဦးလွင် ဖေဖော်ဝါရီ ၁၂
၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော် အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ ပြည်ထောင်စုရင်ပြင်၌ ကျန်းမာရေးညွှန်ကြားချက်များနှင့် အညီ ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နံနက် (၅) နာရီ မိနစ် ၃၀ တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံတော်အလံကို လွှင့်တင်ကာ အခမ်းအနားကို တက်ရောက်လာကြသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင် အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက နိုင်ငံတော်အလံအား အလေးပြုကြ ကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)