သဲကုန်း ဖေဖော်ဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံး၊စစ်ရေးပြကွင်းတွင် ယနေ့နံနက် ၅နာရီခွဲ အချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနား ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံတင်ခြင်းနှင့် အလေးပြုခြင်း၊ ကျဆုံးလေပြီးသောခေါင်းဆောင်ကြီးများအား အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်နှင်းသုန်(ပြန်/ဆက်)