ထားဝယ်မြို့တွင်( ၇၅ )နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားပွဲအခမ်းအနားကျင်းပ

ထားဝယ်  ဖေဖော်ဝါရီ ၁၃

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ နံနက် ၅ နာရီ မိနစ် ၃၀ တွင် ( ၇၅ )နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့နိုင်ငံတော်အလံတင်အခမ်းအနား ကို ကျင်းပရာအလံတင်တပ်စုမှ ဦးဆောင်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက နိုင်ငံတော်အလံကို တိုင်ထိပ်လွှင့်တင်ခဲ့ကြပြီးတက်ရောက်လာသောဧည့်သည်တော်များက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ထိုနောက် နိုင်ငံတော်အလံအလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ပွဲအခမ်းအနားကိုနံနက် ၇ နာရီ ၃၀ မိနစ်တွင် ဆက်လက် ကျင်းပရာ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီများ၊ ဥပဒေချုပ်၊ အရာရှိစစ်သည်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်သည်။

ဆက်လက်၍တိုင်းဒေသကြီးအစိုးရအဖွဲ့ခေတ္တဝန်ကြီးချုပ်၊လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်း က အလေးပြုခံစင်မြင့်တွင်နေရာယူပြီးဂုဏ်ပြုတပ်ဖွဲ့၏အလေးပြုခြင်းကိုခံယူကာ တက်ရောက်လာသော ဧည့်သည်တော် များနှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကိုအလေးပြုပြီးဂုဏ်ပြုတပ်ဖွဲ့တီးဝိုင်းက နိုင်ငံတော် သီချင်း ကို တီးမှုတ်ခဲ့သည်။ထို့နောက်ကျဆုံးလေပြီးသောအာဇာနည် ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြသည်။

၄င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ထံမှ ၂၀၂၂ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရ အဖွဲ့ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသိန်းလင်းက  ဖတ်ကြားပြီးဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ အခမ်းအနားကိုရုပ်သိမ်းလိုက် ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)