မြဝတီမြို့၌ (၇၅)နှစ်‌ မြောက် စိန်ရတုပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကျင်းပ

မြဝတီ ဖေဖော်ဝါရီ ၁၃

ကရင်ပြည်နယ် မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်‌ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားကို ယမန်နေ့နံနက်(၅)နာရီ ၃၀ မီနစ်အချိန်၌ မြဝတီမြို့ မြစန္ဒီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထို့နောက်(၇၅)နှစ်‌ မြောက်စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ကြားခြင်း  အခမ်းအနားကို  နံနက်(၇)နာရီ(၂၀)မီနစ်အချိန်တွင်ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့ သည့် ၂၀၂၂ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုးတင့်က ဖတ်ကြားသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊(၇၅)နှစ် မြောက်စိန်ရတုပြည်‌ ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲ၊စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများကို  အခမ်းအနားသို့ တက်ရောက်လာသည့်သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာမှူးဗိုလ်မှူးကြီးဝင်းနေလွင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦး သက်လွင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်သည်။

အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသူများအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ရုံးချုပ်မှပေးပို့သော (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာ‌‌စောင်များကို ဖြန့်ဝေပေးသည်။ 

အခမ်းအနားကို ဗိုလ်ရှုသဘင်သီချင်း၊ တိုင်းရင်းသားအကနှင့် ကရင်ဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မန်းသန်းရွှေမြင့် (ပြန်/ဆက်)