ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၁၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ လူကုန်ကူးမှုပပျောက် ရေး အသိပညာပေးTalk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန် တက္ကသိုလ်)တို့က လူကုန်ကူးမှုရဲ့ အဓိပ္ပါယ်၊ လူကုန်ကူးမှုဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများနှင့် လူကုန်ကူးမှုမှ ကာကွယ် ရန်နည်းလမ်းများအကြောင်းကို ဆွေးနွေးခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာ ပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)