နွားထိုးကြီး ဖေဖော်ဝါရီ ၁၇
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေ ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် အမှတ် (၅) ရပ်ကွက်ရှိ လူစည်ကားရာ နေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါက မျက်နှာ အကာ (Face shield) ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တပ်နိုင်သမျှ ခပ်ခွာခွာ နေထိုင် လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်အခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက်(၆၀)နှစ်အထက် အသက်အရွယ် ကြီးရင့်သူ ဆီးချို၊ သွေးတိုး၊ နှလုံး စသည့် နာတာရှည်ရောဂါ ရှိသူများနှင့် အနီးကပ် နေထိုင်ခြင်း၊ အတူ စားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပါ စသည့် ကိုဗစ် -၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပေး နှိုးဆော်ချက်များကို အများပြည်သူများ သိရှိစေရန်ရည်ရွယ်၍ အသံချဲ့စက်ဖြင့် မြို့ပေါ်ရပ်ကွက်များ နှင့် အမှတ် (၅) ရပ်ကွက်ရှိ လူစည်ကားရာနေရာတို့တွင် လိုက်လံ အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သန်းအောင်ဇော်