ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်ပြသ

ကြံခင်း ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၁၁)နာရီအချိန်က မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ နံရံကပ်စာစောင်တွင် မသန်စွမ်းသူများ၏ ရရှိမည့် အခွင့်အရေးများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်သည်များ၊ မသန်စွမ်းမှု/ မသန်စွမ်းဖြစ်ခြင်း၊ (ပထမ) ဖွင့်ဆိုချက် (အမြင်ဟောင်း)၊ အဓိပ္ပါယ်ဖွင့်ဆိုချက်(အမြင်သစ်)၊  မသန်စွမ်းမှုဖြစ်ရခြင်းအကြောင်း အရင်းများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် ဆက်သွယ်ခြင်း၊ Autism များ၏ သွင်ပြင် လက္ခဏာများ၊ မသန်းစွမ်းမှုအမျိုးအစား စတဲ့အချက်များကို အသိပညာပေး ပြသထားကြောင်း သိရသည်။

ပြပွဲသို့ စာဖတ်ပရိတ်သတ်များနှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များ၊ Youth Club အဖွဲ့ဝင်များ ကြည့်ရှုခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ် ဦးစီးမှူး ဒေါ်လှိုင်ပို့ပို့ဇင်မှ ပြပွဲ၊ ပြိုင်ပွဲများကို ပြသပေးခြင်းဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရရှိပြီး ပြည်သူ့စာကြည့်တိုက်တွင် စာပေလေ့လာဖတ်ရှုရာနေရာဖြစ်ကြောင်း သိရှိစေ ရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုးမိုး(ကြံခင်း ပြန်/ဆက်)