မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) စိုက်ပျိုးနိုင်

အုတ်ဖို မတ် ၁၂

မြေဆီလွှာဖွံ့ဖြိုး တိုးတက်စေရေးအတွက် သဘာဝမြေဩဇာကို ပိုမိုအသုံးပြုနိုင်ရန် ပိုက်ဆံလျှော် စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချနိုင်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပိုက်ဆံလျှော်ကို အဓိကသီးနှံမစိုက်မီ မေလလယ်မှ ဇွန်လလယ်အတွင်းတွင်  ထွန်ယက်ကာ  ကြဲပတ်စိုက်ပျိုးရမည်ဖြစ်ပြီး စိုက်ပျိုးပြီးစီးပါက ရေတစ်ကြိမ်သွင်းရမည် ဖြစ်သည်။ အပင်(၁၅)ရက်သားအချိန်တွင် ရေ(၁)ကြိမ်ထပ်မံသွင်းပေးရမည်ဖြစ်ပြီး (၄၅)ရက် ပြည့်သည့် အချိန်တွင် ပိုက်ဆံလျှော်အပင်မှာ အဖူးအပွင့်စုံလာရာ ထယ်ထိုးမြုတ်နှံ၍ စပါးစိုက်ပျိုးရန် တမန်းပြင်နိုင်ပြီဖြစ်ကြောင်း၊ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် နိုက်ထရိုဂျင်ဓာတ် ကြွယ်ဝ စေခြင်း၊ သစ်ဆွေးဓာတ်ကြွယ်ဝစေခြင်း၊ မြေသားတည်ဆောက်မှုကို တိုးတက် ကောင်းမွန် စေခြင်း၊ ဖွယ်သောမြေကိုစေးစေခြင်း၊ မြေစေးကိုရေစုပ်အား ရေစိမ့်အားကောင်းအောင် ပြုလုပ်ပေးနိုင်ခြင်း၊ မြေဆီလွှာတိုက်စားမှုဒဏ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ဓာတ်မြေဩဇာ သုံးစွဲမှု လျှော့ကျနိုင်ခြင်း၊ ပေါင်းနှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်းနှင့် အုတ်ဖိုမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးသည့် လယ်ဧကများအနက် (၄၅)ဧကတွင် ပိုက်ဆံလျှော် သစ်စိမ်းမြေဩဇာ စိုက်ပျိုးအသုံးပြုထားကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုချိုဝင်းထံမှသိရသည်။

မြို့နယ်(ပြန်/ဆက်)