မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (Mask)များ ဖြန့်ဝေ

မိုးမိတ်  မတ် ၁၂  

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့်၍ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ စတုတ္ထလှိုင်း ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီအချိန်က တောင်ပိုင်း ရပ်ကွက် မြို့အဝင် ပေါက်ပင်တန်း၌  စနစ်ဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း (mask) များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသော ဖြတ်သန်းသွားလာသူ  များအား နှာခေါင်းစည်းဖြန့်ဝေခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ထားခြင်း မရှိသူများအား  ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် အသိပညာပေးခြင်းစသည့် လုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော် နှင့်အဖွဲ့ဝင်များ၊  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

စည်သူဌေး (ခရိုင်ပြန်/ဆက်)