ဟားခါးမြို့၌ ပြည်သူ ၅၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ဟားခါး မတ် ၁၄

ဟားခါးမြို့၌ ယမန်နေ့က ပြည်သူ ၅၄ ဦးအား Test Kit ဖြင့် စစ်ဆေးရာ ၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း သိရသည်။

အလားတူ ပလက်ဝမြို့နယ်တွင်လည်း ပြည်သူ ၈ ဦးအား Test kit ဖြင့် စစ်ဆေးရာ ၂ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည်။

ဟားခါးမြို့နယ်တွင်  ၂၀၂၁ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှ ယနေ့အထိ ပိုးတွေ့သူ ၁၈၃၉ ဦး၊ သေဆုံးသူ ၄၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၇၆၄ ဦး၊ ဆေးကုသမှုခံယူဆဲ ၂၈ ဦးရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

မောင်တက်လမ်း