မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးသရုပ်ပြပွဲကျင်းပ

သင်္ဃန်းကျွန်း  မတ်  ၁၄

ရန်ကုန်အရှေ့ပိုင်းခရိုင်၊  သင်္ဃန်းကျွန်းမြို့နယ်တွင် နွေရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင်  သင်္ဃန်းကျွန်းစျေးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေဝဏ္ဏလှိုင် ရဲ၊ စည်ပင်၊ လျှပ်စစ်၊မီးသတ်နှင့် စျေးသူ/ စျေးသားများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ကြသည်။

မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက မီးလောင်မှုဖြစ်ပွားလျှင် လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်နှင့်  မီးငြှိမ်းသတ်သည့် နည်းလမ်းများအား စနစ်တကျရှိစေရေး မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြုပုံတို့ကို အသိပညာပေး ရှင်းလင်း ဟောပြောကာ မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေးပုံးများထားရှိပါက အဆင်ပြေလွယ်ကူကြောင်းနှင့် လက်တွေ့ မီးသရုပ်ပြပွဲကို ပြသဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စန္ဒာမိုး