ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့တွင်အခြေခံပညာ အထက်တန်းကျောင်း (၂)ထပ် ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဝါးခယ်မ မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့ သီရိဟေမာရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၂)ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁:၁၃)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ကျောင်း‌ဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊  သယံဇာတ‌ရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ၊ မြောင်းမြခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြ၍ ‌ ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းဆောင်သစ်မှာ အလျား (၁၄၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၂၀)ပေရှိ သံကူကွန်ကရစ် (၂)ထပ်အဆောက်အဦဖြစ်ပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဏာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်(၂၃၃၀)သိန်းဖြင့် “ရွှေစွန်မင်း” ဆောက်လုပ်ရေးကုမ္ပဏီက ၁၆.၉.၂၀၂၁ မှ ၁၃.၃.၂၀၂၂ ရက်ထိ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်ဝါးခယ်မ)