သာပေါင်းမြို့နယ်တွင် အသက်(၁၇)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အားကစားသမားများ စီစစ်ရွေးချယ်

သာပေါင်း မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၇)နှစ်နှင့်‌အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြို့နယ်ကိုယ်စားပြု ယှဉ်ပြိုင်ကစားရန် ဘောလုံးအားကစားသမားများ စီစစ်ရွေးချယ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်က သာပေါင်းမြို့နယ် အား/ကာ ဘောလုံးကွင်း၌ ခြေစစ်ပွဲကျင်းပခဲ့သည်။

ထိုသို့ ဘောလုံးအားကစားသမားများ ခြေစစ်စီစစ်ရွေးချယ်ပွဲသို့ မြို့ပေါ်၊ ကျေးရွာများမှ အသက်(၁၇)နှစ်နှင့်အောက် အားကစားသမား (၃၂)ဦးတို့က ပါဝင်ယှဉ်ပြိုင်ကစားကြပြီး ၎င်းတို့အထဲမှ မြို့နယ်ကိုယ်စားပြု ဘောလုံးအားကစားသမား (၁၈)ဦးကို ရွေးချယ်၍ မတ်လ (၁၃)ရက်နေ့မှ မတ်လ (၂၀)ရက်နေ့အထိ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၁၇)နှစ်နှင့်‌အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ယှဉ်ပြိုင်နိုင်ရေး လေ့ကျင့်ကစားသွားကြမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးမှူးဒေါ်ချိုသဲထံမှ သိရသည်။

မျိုးဇော်သိန်း