ရေကြည်မြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ (၁၃၄၅)ဦး ဝင်ရောက်ဖြေဆိုမည်

ရေကြည် မတ် ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင် ၂၀၂၂ ခုနှစ် မတ်လ(၃၁) ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်‌ရောက်ဖြေဆိုမည့်  ကျောင်းသား၊ ကျောင်းသူ(၁၃၄၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။     

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ရေကြည်မြို့နယ်အတွင်း စာစစ်ဌာန(၉)ခုထားရှိ၍ ကျင်းပ သွားမည်ဖြစ်ပြီး အဆိုပါ စာစစ်ဌာနများမှာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း (ရေကြည်)၊ အခြေခံပညာ အထက်တန်းကျောင်း (အသုတ်)၊ အခြေခံပညာအထက်တန်း ကျောင်း (ငါးသိုင်းချောင်း)၊ အခြေခံပညာအထက်တန်း ကျောင်း(ကုန်းပြင်)၊ အခြေခံပညာ အထက်တန်း ကျောင်း (ကန်းနီ)၊ အခြေခံပညာ အထက်တန်းကျောင်း (ကွင်းသုံးဆင့်)၊ အခြေခံပညာ အထက်တန်းကျောင်း(ငပိဆိပ်)၊ အခြေခံပညာ အထက်တန်းကျောင်း (ဇရပ်လှ)နှင့် အခြေခံပညာ အထက်တန်းကျောင်း (ယိုးဒယားတက်)တို့မှ ကျောင်းတွင်းဖြေဆိုသူ (၁၁၁၅)ဦးနှင့် အပြင် ဖြေဆိုသူ(၂၃၀)ဦးတို့က အဆိုပါစာစစ်ဌာနများတွင် ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရ သည်။

အောင်သူဟန်  (ပြန်/ဆက်)