အိမ်မဲ မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်ပိုင်းက ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ပထမအကြိမ် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံကြသော ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များအား ကာကွယ်ဆေးမထိုးမှီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းများကို ဆောင်ရွက်ပေးပြီး၊ ကာကွယ်ဆေးထိုးပြီးချိန်၌ မိနစ်(၃၀) အနားပေးပြီးမှသာ ဆေးထိုးစုရပ်မှ ထွက်ခွာစေကြောင်း သိရသည်။
အိမ်မဲမြို့နယ်အတွင်းမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်(၃၇၅)ဦးကို ထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)