ဘူးသီးတောင်မြို့နယ်၌ အခြေခံပညာအလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိ

ဘူးသီးတောင် မတ် ၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံ ပညာအလယ်တန်းအဆင့် (Grade-9) နှစ်ဆုံးစာမေးပွဲဖြေဆိုခြင်းကို မတ်လ ၁၇ ရက်နေ့မှ စတင်ကာ မြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက (၁) ဘူးသီးတောင်၊ အထက (၂) ဘူးသီးတောင်၊ အထက-လက်ဝဲဒက်ပုဇွန်ချောင်း၊ အကထ-တောင်ဘဇာ၊ အထက-စေတီတောင်၊ အထက-ညောင်ချောင်း၊ အထက(ခွဲ) အလက(၃)၊ အထက(ခွဲ) အလက (၂)၊အထက (ခွဲ) ဖုံညိုလိပ်၊ အထက(ခွဲ) ဖောင်တော်ပြင်၊ အထက(ခွဲ)ကထီးလှ၊ အထက(ခွဲ) စည်တောင်၊ အထက(ခွဲ) သေကံခွဆုံ၊ အလက- စကခ (၁၅)၊ အလက- စက်ခေါ်၊ အလက-ပန်းကုံးမ၊ အလက- ကကျဘက်၊ အလက(ခွဲ)မြို့သစ်၊ အလက(ခွဲ) သပြေကုန်း၊ အလက(ခွဲ) ကွန်တိုင်၊ အလက(ခွဲ)ဓပြုချောင်း၊ အလက(ခွဲ) သိမ်တောင်၊ အလက(ခွဲ) စိမ့်ညင်းပြား၊ အလက(ခွဲ) ဓားပိုင်ဆရာ၊ အလက(ခွဲ) ဝရကျွန်းဒိုးတန်း၊ အလက(ခွဲ) ငကျဉ်တောက်၊ အလက(ခွဲ) ပြည်ရှည်၊ အလက(ခွဲ) လောင်းချောင်းစသည့် စာစစ်ဌာနများတွင် (အင်္ဂလိပ်)ဘာသာရပ်ကို ဆက်လက်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

ဘူးသီးတောင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းအဆင့် (Grade- 9) နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန (၂၈) ခုမှ ကျောင်းသား (၈၂၈)ဦး၊ ကျောင်းသူ (၃၈၉) ဦး စုစုပေါင်း (၁၂၁၇) ဦးတို့မှ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လှကျော် ( ပြန်/ ဆက်)