မြစ်ကြီးနားမြို့၌ လူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မြစ်ကြီးနား မတ် ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) အစည်းအဝေး ခန်းမ၌ ယမန်နေ့ ညနေ (၃)နာရီခွဲက ကချင်ပြည်နယ်ပညာဦးစီးဌာန၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်း အသိပညာပေး‌ ဟောပြော ရန်နှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများအတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင်  ကချင်ပြည်နယ်အတွင်း လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်နယ်အခြေခံပညာဦးစီးဌာနဌာနမှ ကျန်းမာကြံ့ခိုင်ပြီး အကျင့်စာရိတ္တကောင်းမွန်၍ ဉာဏ်ရည် ဉာဏ်သွေး ထက်မြတ်သော လူငယ်များဖြစ်လာစေရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အခြေခံပညာကျောင်း များတွင် သာမက ပြည်နယ်အတွင်းရှိ အသင်းတော်များ၊ အမှန်တကယ်လိုအပ်နေသော အဖွဲ့အစည်းများသို့ အားကစားပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လူငယ်များ အကျင့်စာရိတ္တ ကောင်းမွန်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)