ရေနံချောင်း မတ် ၁၉
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယခုလ ၃၁ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီခွဲ က မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဉီးရဲလင်းအောင်က တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနနှင့် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်မည့်နေရာများတွင် လျှပ်စစ်မီးရရှိရေး၊ ရေရှိရေး၊ ကျန်းမာရေးစောင့် ရှောက်မှုပေးနိုင်ရေး၊ မီးဘေးအန္တရာယ်၊ လျှပ်စစ်မီးအန္တရာယ်၊ သဘာဝဘေးနှင့် အခြားဘေးအန္တရာယ်များ မဖြစ်ပေါ်စေရေး၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေစဉ် ကျောင်းသား၊ ကျောင်းသူများ စိတ်အနှောက်အယှက်ဖြစ်စေမည့် ဆူညံသံများ မဖြစ်ပေါ်စေရေး၊ သက်ဆိုင်ရာဌာနများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများ ပူးပေါင်းကာ ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း ရှင်းလင်းမှာကြားသည်။
ထို့နောက် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာဖြေဆိုနိုင်ရေး ပါဝင်ဆောင်ရွက်မည့် သက်ဆိုင်ရာ ဌာနအကြီးအကဲများက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြကြရာ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးအောင်ကျော်လင်းက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေး ခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးများ၊ မြို့နယ်ပညာရေးမှူးနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။
ရေနံချောင်းမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်း ၂၄ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၁၁၁၅ ဉီး ဝင်ရောက်ဖြေဆိုရန် လျောက်ထားခဲ့ပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း စာဖြေဌာနတစ်ခုတည်းသာ ဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်