Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းပြားမြို့၌ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမျိုးစိုးမိုး၏ စီစဉ်ဆောင်ရွက်မှုဖြင့် အားကောင်းသော မုန်တိုင်းငယ် အသိပေးခြင်းကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းနှင့် မုန်တိုင်းအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ နွေစပါး (၅၅) ဧက တင်း(၁၂၀) အထက်ထွက်ရှိရေး စံပြကွက်ဧရိယာများတွင် ဥကပ်ပါးနဂျီလွှတ်ပွဲ ကျင်းပ
Mar 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာ အုပ်စုတွင် နွေစပါး (၅၅) ဧက တင်း(၁၂၀) အထက်ထွက်ရှိရေး စံပြကွက်ဧရိယာများတွင် ဥကပ်ပါးနဂျီလွှတ်ပွဲ ကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မာန်အောင်မြို့နယ်၌ လေဘေးဒဏ်ခံရနိုင်သည့် နေအိမ်များမှ မိသားစုဝင်များအား မုန်တိုင်းခိုလှုံရန် Cyclone Shelter များသို့ပြောင်းရွှေ့
Mar 23,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် လေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုကော်မတီမှ ဦးဆောင်ပြီး လေဘေးဒဏ်ခံရနိုင်သော အိမ်ထောင်စုများအား ယမန်နေ့နံနက် ၉ နာရီအချိန်မှစတင်ကာ မုန်တိုင်းခိုလှုံနိုင်ရန် Cyclone Shelter များသို့ ပြောင်းရွေ့ပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွမ်းခြုံမှုရှိစေရေးအတွက် ကာကွယ်ဆေးထိုးခြင်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်လွမ်းခြုံနိုင်စေရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းလုံမြို့တွင် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များကို သွားရောက်ငှားရမ်းပေး
Mar 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၉းဝဝ) နာရီအချိန်ခန့်က မိုင်းလုံမြို့အလယ်ရပ်ကွက်တွင် သွားရောက်ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 23,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျိန္တလီမြို့ အမှတ်(၁)ရပ်ကွက်၊ ဗိုလ်ဘတင်လမ်းရှိ လှေဆိပ်နှင့် အမှတ်(၂)ရပ်ကွက်၊ ယမုံနာလမ်းရှိ ကူးတို့ ဆိပ်တို့တွင် မုန်တိုင်းဘေးပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီးထပ်သီးညှပ်များဖြင့် မြေလွတ်မြေလပ်မကျန် စိုက်ပျိုးလုပ်ကိုင်ကြမှသာ လယ်ယာထုတ်ကုန်များ ပိုမိုထုတ်လုပ်နိုင်မည်
Mar 23,2022
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သံလှယ်ကျေးရွာအနီးရှိ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၏ အကျိုးပြုဧရိယာအတွင်း စိုက်ပျိုးထားရှိသော နွေစပါးများအား မြေဩဇာကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲကို မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက တောင်သူဦးကျော်ဆန်းဝင်း၏ ဆင်းသုခနွေစပါးစိုက်ခင်း၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သင်္ဃန်းကျွန်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်း ဆောင်ရွက်ပေး
Mar 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက် (၈)နာရီမှ ညနေ (၃)နာရီအထိ သုဝဏ္ဏ (၂၉) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22013
Page
22014
Page
22015
Page
22016
Current page
22017
Page
22018
Page
22019
Page
22020
Page
22021
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department