Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်(၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် စာဖတ်ဝိုင်းကျင်းပ
Mar 21,2022
ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း)ရုံး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေကိုချစ်မြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်း ဖွဲ့ဆွေးနွေးခြင်း၊ စာပေမှရသောအသိပညာဗဟုသုတများ အတွေးအခေါ်အသိအမြင်များအား အချင်းချင်း မျှဝေတတ်စေရန် စာပေမှရသော ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူမှု့ဘဝများဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကွမ်းလုံမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွမ်းလုံမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ကွမ်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ သံလွင်ဆောင်ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယ ပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်ရာ အဌမတန်းနှင့် နဝမတန်း ကျောင်းသားကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန(ဗဟန်း) Community Centre ၌ စာအုပ်များ ပေးအပ်လှူဒါန်း
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အောက်ရှိ မြို့နယ် (၁၂)မြို့နယ်အတွင်းရှိ မြို့နယ်ရုံးစာကြည့်တိုက်များတွင် အသုံးပြုရန်အတွက် သုတ၊ ရသ ပေါင်းစုံ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ၊ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်သာယာအနောက်ပိုင်းမြို့နယ်၌ မုန်တိုင်းသတိပေးချက်နှင့် ပြည်သူများလိုက်နာဆောင်ရွက်ရန် အချက်များ အသိပေးနှိုးဆော်
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာအနောက်ပိုင်း မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးဝင်းနိုင်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာတို့ ပူးပေါင်း၍ မုန်တိုင်းသတိပေးချက်နှင့်ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို ယမန်နေ့ည (၈)နာရီခွဲခန့်ကစ၍ မြို့နယ်အတွင်း လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကလောမြို့နယ်၌ နွေရာသီ အခြေခံအားကစားနည်းသင်တန်းများ ဖွင့်လှစ်မည်
Mar 21,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်အားကစားနှင့်ကာယပညာဦးစီး ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမျိုးသားအားကစား အဆင့်အတန်း တိုးတက် မြင့်မားရေးနှင့် အောင်မြင်မှုများ ယခုထက်ပိုမိုရရှိစေရေး၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန် အပြည့်ရှိပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမား လူငယ်များ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရေး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူများ နွေရာသီ အားလပ်ရက်များတွင် အခြေခံအားကစားသင်တန်းများကိုတက် ရောက်ခြင်းဖြင့် အားကစားကို ပိုမိုစိတ်ပါဝင်စားလာစေရန်အတွက် နွေရာသီအခြေခံအားကစား သင်တန်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးရန်အတွက် သိုလှောင်ရုံအဆောက်အဦးတည်ဆောက်
Mar 21,2022
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် နန်းမားဒေသတွင် အလှူရှင်များ၏ လှူဒါန်းငွေဖြင့် အောက်ဆီဂျင်အိုးများ အခမဲ့ဖြန့်ဖြူးနိုင်ရန်အတွက် မတ်လမှ စတင်ကာ ညောင်ကုန်းရပ်ကွက်၌ သိုလှောင်ရုံအဆောက်အဦး တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကြီးမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Mar 21,2022
နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသားအခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူ ဖြစ်စေနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယနေ့နံနက် ၉ နာရီခွဲမှ စတင်၍ တောင်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား Door to Door စနစ်ဖြင့် ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22011
Page
22012
Page
22013
Page
22014
Current page
22015
Page
22016
Page
22017
Page
22018
Page
22019
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department