အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ၂၀၂၂ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျိုက်ထိုမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ရုံးများ၊ အခြေခံပညာကျောင်းများနှင့် မြို့တွင်းလူစည်ကားရာ နေရာများသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Mar 22,2022
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Mar 22,2022
ရန်ကုန်​မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်းရှိ​ ကျေးလက်​နေပြည်သူများ သန့်ရှင်း​သော ​သောက်သုံး ရေဖူလုံစွာ ရရှိ​ရေးနှင့်​ ကျေးရွာသူ/သားများကုန်စည်စီးဆင်းမှုများအဆင်​ပြေ​စေရန်အတွက် ကုန်ထုတ်လမ်းများ​ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ပြီးစီး​နေပြီဖြစ်​ကြောင်းမြို့နယ်​ ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ သိရသည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယမန်နေ့ ညနေ(၄)နာရီအချိန်က လူငယ်များ၏ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အကျင့်စာရိတ္တကောင်းမွန်ရေး၊ စိတ်ဓါတ် မြှင့်တင်ရေးနှင့် ကျန်းမာကြံခိုင်စေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့သည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ လတ်တစ်လောဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်ကြောင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက ယာယီခိုလှုံနိုင်ရန် ဆောင်ရွက်ထားသည့် ကယ်ဆယ်ရေးစခန်းများသို့ ယနေ့ နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်နှင့် တာဝန်ရှိသူများက စားနပ်ရိက္ခာများ သွားရောက်လှူဒါန်းခဲ့သည်။
Mar 22,2022
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လူငယ်လူရွယ်များ အနေဖြင့် အခြေခံအားကစားနည်းစနစ်များအား သိရှိတတ်မြောက်စေရန်နှင့် ထူးချွန်ထက်မြက်ပြီး အရည်အသွေးရှိသော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် နွေရာသီ အခြေခံ အားကစား သင်တန်းများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပမည် ဖြစ်ကြောင်း သိရသည်။