အမြို့မြို့အနယ်နယ်သတင်းများ

Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ကူညီကယ်ဆယ်ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေတာရှည်မြို့နယ် မီးသတ်ဦးစီးဌာနမှ ကူညီကယ်ဆယ်ရှာဖွေရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိ၍ ကူညီကယ်ဆယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား တပ်ဖွဲ့ဝင်များမှ မှာကြားရှင်းလင်းဆောင်ရွက်မှုကို အဆိုပါဦးစီးဌာနဝန်းအတွင်း၌ မတ်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆောင်ရွက်ခဲ့သည်။
Mar 21,2022
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်း ကို ယနေ့ မွန်းလွဲ ၃ နာရီက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။
Mar 21,2022
အလုပ်သမားဝန်ကြီးဌာန ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထား သည့် Gold Petrol Joc.Incကုမ္ပဏီမှ အာမခံအလုပ်သမားတစ်ဦးသည် လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရမှုကြောင့် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အမြဲတမ်း မသန်စွမ်းမှုအကျိုးခံစားခွင့် ငွေလုံးငွေရင်းခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးတွင် ပြုလုပ်ခဲ့ သည်။
Mar 21,2022
ရန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီအချိန် က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Mar 21,2022
ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင် အမ်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ခန်းမ၌ကျင်းပခဲ့သည်။
Mar 21,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ဂန္တဝါစကပဏ္ဍိတ ဘွဲတံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဝိလာသအား ကြိုဆိုပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီအချိန်က ကျင်းပပြုလုပ်သည်။
Mar 21,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း တာဝန်ရှိသူများက လိုက်လံ ပေးအပ်ခဲ့ကြသည်။