Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နာဂဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mark များအခမဲ့ဖြန့်ဝေပေး
Mar 21,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ Mark နှာခေါင်းစည်းတပ်စင်သည့်အလေ့အကျင့်များ ရလာစေရန် မတ်လ(၂၁)ရက်က Mark အခုရေ (၅၀၀)ကို ပေးဝေခဲ့ကြောင်း ပန်ဆောင်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေး ပေါ်တုန့်ပြန်ရေး ကော်မတီထံမှသိရသည်။ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ရောဂါ ကြိုတင်ထိန်းချုပ်ကာကွယ်ရေး အတွက် ပြည်သူများအကြောင်းအမျိုးမျိုးကြောင့် နေအိမ်မှအပြင်ထွက်သည့်အခါတိုင်း နှာခေါင်းစည်း Mark တပ်စင်သည့်အလေ့အကျင့်များရှိစေရန် Mark ပေးဝေခြင်း လုပ်ငန်းကို ပန်ဆောင်မြို့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီက ဦးဆောင်ရွက် နှာခေါင်းစည်း Mark အခုရေ( ၅၀၀)ကို ပေးဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်တွင် (၇၇) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 21,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် သပြေကုန်းဈေးစည်ပင်မှ ဝန်ထမ်းများ ပူးပေါင်းကာ အများပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် နေ့ထူး နေ့မြတ်များ သိရှိနိုင်စေ ရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို သပြေကုန်းဈေးအတွင်းရှိ ဈေးရောင်းချသူ၊ ဈေးဝယ်သူ ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များ အသင့်ပြင်ဆင် စုဖွဲ့ထားရှိ
Mar 21,2022
သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အသင့်ပြင်ဆင် စုဖွဲ့ထားရှိပြီး ဇတ်တိုက်လေ့ကျင့်မှုများကို ယမန်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အင်းစိန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မီးသတိပြုသုံးစွဲနိုင်စေရန်နှင့် မီးလောင်မှုများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား မီးသတ်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယနေ့နံနက် (၈)နာရီအချိန်က အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် Women Club အဖွဲ့မှ စာဖတ်ဝိုင်းကျင်းပ
Mar 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က Women Club အဖွဲ့မှ စာဖတ်စွမ်းရည် ၊ အသိပညာ ဗဟုသုတနှင့် အတွေးအမြင်ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဒို့ကျေးရွာ အတွဲ(၁၉)အမှတ်(၅)မှ ပေါက်ပေါက်ရေးသား သည့် ဆေးဖက်ဝင်ငရုတ်ကောင်း ၊ စံသူမြတ်(သုံးဆယ်) ရေးသားသည့် သက်ရှည်ကျန်းမာစေ သော သင်္ဘောသီး၊ ဝင်းသန်းရေးသားသည့် နေ့စဉ်ပြုပေး အသက်ရှည်ဆေး စသည့် ဆောင်းပါးဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ် (Community Centre)ခန်းမ၌ ဝန်ထမ်းများစာဖတ်ဝိုင်းကျင်းပ
Mar 21,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက် လုပ်ငန်းစီမံခန့်ခွဲရေးလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် မုန်တိုင်းအန္တရာယ် အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 21,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ် မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေမှု အခြေအနေကြောင့် မုန်တိုင်းအန္တရာယ် ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တွင်းလမ်းတစ်လျှောက် လူစည်ကား ရာနေရာများ၊ ဈေးများနှင့် ပင်လယ်ကမ်းစပ်အနီး ကျေးရွာများသို့ သွားရောက် နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒေးဒရဲမြို့နယ်၌ ကျေးရွာများအရောက် ကွင်းဆင်းသွားရောက်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် နှိုးဆော်ခြင်းများ ဆောင်ရွက်
Mar 21,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ ဘသာဝဘေးအန္တရာယ်များအား ကြိုတင်ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ကြုံတွေလာပါက ထိခိုက်ပျက်စီးဆုံးရှုံးမှုများ လျော့နည်းစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် မုန်တိုင်းငယ်အန္တရာယ် သတိပေးထုတ်ပြန်ချက်များအား လိုက်လံနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲပိုင်းက ကျောက်စရစ်ကျေးရွာနှင့် အစဲကလေးကျေးရွာများသို့ အရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22015
Page
22016
Page
22017
Page
22018
Current page
22019
Page
22020
Page
22021
Page
22022
Page
22023
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department