ကျောက်ပန်းတောင်း မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-ပြည်-မန္တလေးလမ်း ကတ္တရာလမ်းသားတိုးချဲ့ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအား၊ မတ်လ(၂၂)ရက်နေ့နံနက်(၁၁)နာရီက လမ်းဦးစီးဌာန မြို့နယ်အင်ဂျင်နီယာ ဦးထွန်းအောင်ကြင်နှင့် အရည်အသွေးစစ်ဆေးရေး(QC) အဖွဲ့မှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြပြီး၊ လမ်းအရည်အသွေး တိုင်းတာစစ်ဆေးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊ မတ်လအထိ (၆)လ ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကျောက်ပန်းတောင်းမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ယူ၍ ရန်ကုန်-ပြည်-မန္တလေးလမ်း ၆၃၈.၉၀၁ ကီလို မီတာမှ ၆၃၉. ၆၅၁ ကီလိုမီတာ အတွင်း၊ လမ်းအရှည်(၀.၇၅)ကီလိုမီတာနှင့် ၆၃၉.၆၅၁ကီလိုမီတာမှ ၆၄၀.၂၄၁ ကီလိုမီတာအတွင်း၊ လမ်းအရှည် (၀.၅၉)ကီလို မီတာရှိ လမ်းပိုင်း(၂)ခုတွင် ဆောင်ရွက် လျက်ရှိသည့်၊ မူလ(၅.၅)မီတာအကျယ်မှ (၇.၃)မီတာ အကျယ်ရရှိစေရန် (၇၅)မီလီ မီတာ အောက် ကျောက်(၃၀၀)မီလီမီတာထု၊ (၁၅၀)မီလီမီတာနှစ်လွှာ၊ ၇၅ မီလီမီတာအောက် ကျောက်(၃၀၀) မီလီမီတာထု၊ (၁၅၀)မီလီမီတာ နှစ်လွှာ၊ ၃၇.၅ မီလီမီတာ× ၅၀ မီလီမီတာ ကျောက် ၇၅ မီတာထု ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများအား ကျောက်ပန်းတောင်းမြို့နယ်လမ်းဦးစီးဌာန မြို့နယ်အင်ဂျင်နီယာ ဦးထွန်းအောင်ကြင်(ဦးစီးအရာရှိ)နှင့် အရည်အသွေးစစ်ဆေးရေး(QC)အဖွဲ့မှအဖွဲ့ခေါင်းဆောင် ဦးသန်းထွဋ်ဦး၊ အဖွဲ့ဝင် ဦးဇော်မင်းအေးတို့ လိုက်ပါလျက် သတ်မှတ်စံချိန် စံညွှန်းနှင့်ကိုက်ညီမှုရှိ/မရှိ ၊ လမ်း အရည်အသွေးစစ် ဆေးတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူများအား လိုအပ်သည်များ ဆွေးနွေးမှာ ကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)