ကျောက်ပန်းတောင်း မတ် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် လေးရွာအခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့မွန်း တည့် (၁၂) နာရီက လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို၊ အဆိုပါကျောင်းရှိ စုဝေးခန်းမ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် လေးရွာ အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်က ညောင်ဦးခရိုင်တွင် ယမန်နေ့က ခရိုင်ပညာရေးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ တက်ရောက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ လေးရွာအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမော်က သတင်းမှား၊ သတင်းမှန်များ လေ့လာခွဲခြားဆန်းစစ်ခြင်းနှင့် လူငယ်နှင့် အားကစားဆိုင်ရာ ကိစ္စရပ်များ၊ ယနေ့ခေတ် ပညာရေးအခြေအနေနှင့် ကျောင်းသား၊ ကျောင်းသူများ အစဉ်အလေးထား လိုက်နာရမည့် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာရေးဆိုင်ရာ အချက်များကို ရှင်းလင်းပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။
နေအောင် (ပြန်/ဆက်)