Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျွန်းလှမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin)Phase-8၊ ပထမအကြိမ် ဆက်လက် ထိုးနှံပေး
Mar 22,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) Phase-8၊ ပထမအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ် ပြည်သူ့ဆေးရုံနှင့် ပျဉ်းမမြိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိ
Mar 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရှာဖွေ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စေရန်အတွက် တာမွေမြို့နယ်ရှိ မြို့နယ် မီးသတ်တပ်ဖွဲ့စခန်း၌ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုသည့် ယာဉ်များ၊ စက်ပစ္စည်း ကိရိယာများနှင့် တပ်ဖွဲ့ဝင်များအား အသင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Mar 22,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ရာနှုန်းပြည့်ထိုးနှံနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ကာကွယ်ဆေးထိုးကွင်းဆင်းအဖွဲ့များက မြို့နယ်အတွင်းဇုံနယ်မြေအလိုက် ကျေးရွာများအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အမအသုတ် ပထမအကြိမ် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်ကာ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေး
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင် လစာငွေများကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် နိုင်ငံသားကတ်(မှတ်ပုံတင်) ယူဆောင်သွားလာရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေ
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီးဌာနရုံးမှ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာ နေရာများတွင် လည်းကောင်း နိုင်ငံသားကတ်(မှတ်ပုံတင်)များကို ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ပြသစစ်ဆေးခံနိုင်ရေးအတွက် နိုင်ငံသားကတ်(မှတ်ပုံတင်) ယူဆောင်သွားလာရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့ဝင်ဂိတ်နှင့် ပျဉ်းဝပူးပေါင်း စစ်ဆေးရေး ဂိတ်တို့တွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ကြီးမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထုတ်ပေး
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ထုတ်ပေးလျက် ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများ အဆင်သင့်စုဖွဲ့ ဆောင်ရွက်ထားရှိ
Mar 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မုန်တိုင်းအန္တရာယ်ကျရောက်လာပါက အရေးပေါ် ရှာဖွေ ကယ်ဆယ်မှုများအား လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေကယ်ဆယ်ရေးသုံး ပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအားအဆင်သင့်စု ဖွဲ့ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21991
Page
21992
Page
21993
Page
21994
Current page
21995
Page
21996
Page
21997
Page
21998
Page
21999
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department