အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် သဘာဝဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီမှ ယနေ့တွင် ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါနေသော အားကောင်းသော မုန်တိုင်းငယ် (Depression)နှင့် ပတ်သက်၍ ပြည်သူများသိရှိနိုင်ရန် ယနေ့ နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် နှိုးဆော် လျက်ရှိကြောင်း သိရသည်။
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်မြို့နယ်လုံး ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝ လွှမ်းခြုံစွာထိုးနှံ ပြီးစီးရေးအတွက် ဆေးထိုးစုရပ်များခွဲပြီး ကျေးရွာအရောက် ကွင်းဆင်း၍ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော ကျေးလက်နေ ပြည်သူများကို ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေကြောင်း မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံမှ သိရသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉)နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Mar 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေး အတွက် မတ် ၁ ရက်နေ့က စတင်ပြီး ပွင့်ဖြူမြို့နယ် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်း မြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် စိုက်ပျိုးရေများ ဖြန့်ဝေဆောင်ရွက်ပေးထားရာ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများက နွေနှမ်းနှင့် အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် လယ်ယာသုံး စက်ကိရိယာများဖြင့်လည်းကောင်း၊ ကျွဲနွား တိရစ္ဆာန်များဖြင့်လည်းကောင်း မိမိတို့၏ လယ်ယာမြေများကို ကြိုတင်ပြုပြင် ဆောင်ရွက်နေကြကြောင်း ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
Mar 22,2022
အားကောင်းသော မုန်တိုင်းငယ် (Deep Depression) ၏ လက်ရှိအခြေအနေမှာ မုန်တိုင်း၏ အဝန်း အဝိုင်းသည်  မြန်မာနိုင်ငံ၊ ဧရာဝတီတိုင်းဒေသကြီးကို ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင် ရောက်မည့် အခြေအနေဖြစ်ပါသဖြင့် အနီရောင်အဆင့်ဟု သတ်မှတ်ပါကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မုန်တိုင်းဖြစ်ပေါ်နေစဉ် ကာလအတွင်း လှေ၊ ကူတို့၊ သင်္ဘောများအား သတိပြုဆင်ခြင်နိုင်ကြရန် သတိပေးထုတ်ပြန်ချက် များအား ယနေ့ နံနက်ပိုင်းမှ စတင်၍ လူစည်ကားရာနေရာများနှင့် မြစ်ကမ်းတစ်လျှောက်တွင် အသံချဲ့စက်များဖြင့် လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည်။
Mar 22,2022
ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ရေး ဦးစားပေးစီမံကိန်းအရ ဘင်္ဂလီဘာသာစကား အသုံးပြုသူများအား မေယု FM ရေဒီယို (၄၅၀၀၀) လုံးအား ဖြန့်ဝေထားပြီးဖြစ်ရာ ၄င်းရေဒီယိုအစီအစဉ်များအား ဖမ်းယူနားဆင်မှုနှင့်ပတ်သက်၍ ပရိတ်သတ်၏ သဘောထားအမြင်များအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ရသေ့တောင်မြို့နယ် အနောက်ပြင်ကျေးရွာနှင့် ညောင်ပင်ကြီးကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။
Mar 22,2022
ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အ​ခြေခံပညာဉီးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ ယမန်နေ့မွန်းလွဲပိုင်းက လူငယ်ရေးရာ အသိပညာပေး ဟောပြော ပွဲကို အထက(ဟိုပန်)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။