အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့ပေါ်ရှိ စက်ဆီ၊ ချောဆီများ ရောင်းချနေသည့် အေးချမ်းသာ(၁)၊ အေးချမ်းသာ(၂)၊ သစ်ဆန်းပိုင်၊ ဝင်းစတိုး၊ မိတ်သစ်နှင့် လရိပ်ပြာဆိုင်တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
Mar 22,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန ဝန်ထမ်းများကမတ်လ ၂၇ရက်​နေ့တွင် ကျ​ရောက်မည့် (၇၇)နှစ်​မြောက်တပ်မ​တော်​နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာ​စောင်များကို ယ​နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ များ၊ လမ်းမ​တော်တ​လျောက် သွားလာသည့်ပြည်သူများ၊ မြို့နယ် ပြည်သူ့စာကြည်တိုက်သို့ လာရောက်သည့် စာငှား၊ စာဖတ်သူတို့ကိုဖြန့်ဝေ​ပေးအပ်ခဲ့သည်။
Mar 22,2022
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ဓမ္မဇေယျခန်းမ၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ကြီးကြပ်ရေးမှူး အဖြစ်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည်။
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အားကောင်းသော မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးနှင့်နေရာချထားရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော ထောက်ပံ့ရေးပစ္စည်း လူ (၅၀၀)စာအား ယမန်နေ့ ညပိုင်းက ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိကြောင်း သိရသည်။
Mar 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထား ချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်ခဲ့သော မြို့နယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Mar 22,2022
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စုတွင် ပါဝင်သူ များအား အဋ္ဌမအသုတ်(ပထမ)အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covaxin) ထိုးနှံ ပေးခြင်းကို ပေါက်တောမြို့နယ်အတွင်း သတ်မှတ်ထားသောဆေးထိုးစုရပ်နေရာများတွင် ယနေ့ နံနက်ပိုင်းက ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Mar 22,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစမှ အသက် ၁ နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ၊ တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရ ဆေးပေးခန်းတွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။