Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပန်းတနော်မြို့နယ်၌ သဘာဝဘေးအန္တရာယ် ဖြစ်ပွားခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်နိုင်ရန် ရှာဖွေကယ်ဆယ် ရေးသုံးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအားစစ်ဆေး
Mar 22,2022
သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ်ကူညီကယ်ဆယ် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မအူပင်ခရိုင် မီးသတ်ဦးစီးမှူး ဦးကိုကိုဦးမှ ရှာဖွေကယ်ဆယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား စစ်ဆေးကြည့်ရှု မှာကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မြောင်းမြမြို့တွင် မုန်တိုင်းဘေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ပြည်သူများ မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိရန် “မုန်တိုင်းဘေး ပညာပေး” လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၁၀)နာရီက လူစည်ကားရာ နေရာများနှင့် ရပ်ကွက်များ၊ အတွင်းသို့ လှည့်လည်ပေးဝေခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်
Mar 22,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်တွင် မုန်တိုင်းဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ အချိန်က မြို့နယ် ရဲတပ်ဖွဲ့၊ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်း၊ မြို့နယ်စည်ပင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များရှိ ပင်လယ်ကမ်းခြေနှင့် နီးကပ်သည့် ရပ်ကွက်များနှင့် လူသွားလူလာများသည့် လမ်းဆုံ၊ လမ်းခွ နေရာများသို့ သွားရောက်ကာ လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးနှင့် Phase- 8 ပထမအကြိမ် ကာကွယ်ဆေးများဆက်လက်ထိုးနှံ
Mar 22,2022
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး ခြောက်လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများကို Phase- 8 ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းတို့ကို ခုတင် ၁၀၀ ပြည်သူ့ဆေးရုံနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန (ဆေးရုံဟောင်း) စုရပ်တို့၌ ယမန်နေ့ နံနက် ၉ နာရီက ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်
Mar 22,2022
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မျိုးဗီဇပြောင်းရောဂါပိုးများ ထပ်မံဝင်ရောက်လာမှု မဖြစ်ပွားစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း (ERSSDO)မှ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက အချိန်နှင့်တ…
Mar 22,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ရွှေရောင်သမိုင်း" အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြု ဖွံ့ဖြိုးရေးအသင်း (ERSSDO)မှ သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တပြေးညီ ကူညီကယ်ဆယ်ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက် ၇း၀၀နာရီအချိန်က အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဖျာပုံမြို့နယ်၊ အမာမြို့ရွှေထီးကျေးရွာနှင့် ခတ္တာကျွန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ် မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီး
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ အမာမြို့ ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ရွှေထီးကျေးရွာနှင့် ဘဝသစ်ကျေးရွာအုပ်စု၊ ခတ္တာကျွန်းကျေးရွာတို့တွင် လေပြင်း တိုက်ခတ်ခြင်း၊ ရေလှိုင်းရိုက်ခတ်မှုကြောင့် ယနေ့နံနက်ပိုင်းက ရွှေထီးကျေးရွာနှင့် ခတ္တာကျွန်းကျေးရွာတို့ရှိ လူနေအိမ်အချို့ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါးသိုင်းချောင်းမြို့၊ ကွင်းကြီးကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးပျက်စီး
Mar 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ကွင်းကြီးသဘော့ကျေးရွာအုပ်စု၊ ကွင်းကြီးကျေးရွာ၌ ယနေ့ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့်က လေပြင်းတိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကျေးရွာအတွင်းရှိ အင်ဖက်မိုး၊ အင်ဖက်ကာ၊ ဝါးတိုင်၊ ဝါးခင်းနေအိမ် (၁)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
21986
Page
21987
Page
21988
Page
21989
Current page
21990
Page
21991
Page
21992
Page
21993
Page
21994
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department