တာချီလိတ် မတ် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲနှင့် လျာထား ချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်ခဲ့သော မြို့နယ်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက နိုင်ငံသား စိစစ်ရေးကတ်ပြားများအား ဒေသခံတိုင်းရင်းသားများ လက်ဝယ်အရောက်ပေးအပ်သည်။
ဆက်လက်ပြီး ပန်းခင်းစီမံချက် လျာထားချက်ပြည့်မီကျော်လွန်အောင်ဆောင်ရွက်ခဲ့သော ကျိုင်းတုံ မြို့နယ်နှင့် တာချီလိတ် မြို့နယ် တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းတို့က ပေးအပ်ရာ သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးတို့က လက်ခံရယူသည်။ ထို့နောက် ဒေခံတိုင်းရင်းသားများ ကိုယ်စားလာဟူတိုင်းရင်းသား ဦးကျဒေါလောက ကျေးဇူးတင်စကားပြန် လည်ပြောကြားခဲ့သည်။
ယနေ့အခမ်းအနားတွင် ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင်နှင့် တာချီလိတ်ခရိုင်တို့မှ ရှမ်း၊ ပလောင်၊ လားဟူနှင့် အာခါတိုင်းရင်းသား တို့အား အိမ်ထောင်စုလူဦးရေစာရင်း(၂၁၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း(၂၄၆၆)ကတ်ကို ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)