အမြို့မြို့အနယ်နယ်သတင်းများ

Mar 22,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ သဘာ၀ဘေးအန္တရာယ်များ ကျရောက်လာပါက ကြိုတင်ကာကွယ် ဆောင်ရွက်နိုင်ရေးအတွက် မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပြန်လည်လက်ခံရေးစခန်း မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်အား ပြည်သူများ သိရှိစေရေးနှင့် ကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့ ညနေပိုင်းက ရပ်ကွက်များသို့ လှည့်လည်ကြေညာခဲ့ကြသည်။
Mar 22,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုကို ဧကပေါင်း ၁၇၇၀၃ ဧက စိုက်ပျိုးထားနိုင်ပြီး လျာထားချက်ထက် ၁၁၃၀ ဧက ကျော် ပိုမိုစိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Mar 22,2022
ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မုန်တိုင်းအန္တရာယ် သတိပေးချက်များအား လှည့်လည်ကြေညာခြင်းကို ယနေ့ နံနက် ၉ နာရီက မြို့ပေါ် ရပ်ကွက်အတွင်း လှည့်လည်ကြေညာကြသည်။
Mar 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ခရိုင်/မြို့နယ်စုပေါင်းရုံးခန်းမ၌ မူဆယ်ခရိုင် ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ရာဇသတ်ကြီး ပုဒ်မ-၃၉၂/၃၀၂/၁၁၄အမှုမှ ပြစ်မှုကျူးလွန်သူ တရားခံ(၄) စုံစမ်းဖော်ထုတ် ဖမ်းဆီး ရခဲ့မှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Mar 22,2022
မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/ ၂၀၂၂) နှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂/ ၂၀၂၂)ကို ယမန့်နေ့ မွန်းလွဲ ၁ နာရီအချိန်က မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မွန်ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဝင်များ တက်ရောက်ကြသည်။
Mar 22,2022
ရခိုင်ပြည်နယ်၊ ​ မြေပုံမြို့၌ မုန်တိုင်းကျရောက်လာပါက ရှာဖွေကယ်ဆယ်ရေး လျင်မြန်စွာ တုံ့ပြန်နိုင်ရေးအတွက် ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများနှင့် တပ်ဖွဲ့ဝင်များအားအသင့် ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
Mar 22,2022
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက တပ်ဖွဲ့ဝင်များဖြင့် အသင့်စုဖွဲ့ခြင်း လုပ်ငန်းများနှင့် ကြိုတင်ဇာတ်တိုက်ခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ်ပိုင်းမှစ၍ ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိကြောင်း သိရသည်။
Mar 22,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် တစ်မြို့နယ်လုံးကာကွယ် ဆေးထိုးနှံမှု ရာခိုင်နှုန်း အပြည့်အဝလွှမ်းခြုံစွာ ထိုးနှံပြီးစီးရေးအတွက် ဆေးထိုးစုရပ်များခွဲကာ ကျေးလက်နေ ပြည်သူများကို ကာကွယ်ဆေးထိုးနှံရန် ကျေးရွာအရောက် ကွင်းဆင်း၍ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေး လျက်ရှိသည်။