ဓနုဖြူ မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ သဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်လာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများ အသင့်စုဖွဲ့ထားရှိမှု အခြေအနေအား ယမန်နေ့ နေ့လယ်က မအူပင်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးက စစ်ဆေးကြည့်ရှု မှာကြားခဲ့သည်။
မအူပင်ခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုဦးက ဓနုဖြူမြို့နယ် မီးသတ်ဦးစီးမှူးရုံးတွင် မြို့နယ်သန္ဓေ၊ အရန်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး အရေးပေါ် ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းပြောကြားခြင်း၊ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းများ၊ ရှာဖွေကယ်ဆယ်ရေး စက်လှေများ ဆောင်ရွက်ထားရှိမှုအား စစ်ဆေး၍ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါက အသင့်စုဖွဲ့ထားရှိမှုနှင့် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက လုပ်ဆောင်ရမည့် အစီအမံများအား ညွှန်းကြားခဲ့ပြီး မြို့နယ် မီးသတ်ဦးစီးမှူး ဦးနောင်နောင်က ပြည်သူများ သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင် များမှ ဇတ်တိုက်လေ့ကျင့်မှုများပြုလုပ်လျက်ရှိပြီး ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)