ဟိုင်းကြီးကျွန်း မတ် ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် အားကောင်းသော မုန်တိုင်းငယ် ဖြတ်ကျော်ဝင်ရောက် တိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးနှင့်နေရာချထားရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးသော ထောက်ပံ့ရေးပစ္စည်း လူ (၅၀၀)စာအား ယမန်နေ့ ညပိုင်းက ဟိုင်းကြီးကျွန်းမြို့သို့ ရောက်ရှိကြောင်း သိရသည်။
အဆိုပါ ရောက်ရှိလာသော ထောက်ပံ့ရေးပစ္စည်းများအား ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ ကွပ်ကဲရေးရုံးတွင်ထားရှိပြီး အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက အဆင်သင့် သုံးစွဲနိုင်အောင် စီမံထားခြင်းဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
လှိုင်မျိုးအောင်(ပြန်/ဆက်)