ချောက် မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကမတ်လ ၂၇ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ များ၊ လမ်းမတော်တလျောက် သွားလာသည့်ပြည်သူများ၊ မြို့နယ် ပြည်သူ့စာကြည်တိုက်သို့ လာရောက်သည့် စာငှား၊ စာဖတ်သူတို့ကိုဖြန့်ဝေပေးအပ်ခဲ့သည်။
အဆိုပါလက်ကမ်းစာစောင်တွင် ကာကွယ်စောင့်ရှောက်သွားမည်သာ၊ (၇၇)နှစ်မြောက်တပ်မတော်နေ့ ဦးတည်ချက်များ၊ အသက်သွေးချွေးစဥ်မနှေးပေးဆပ်သည်မှာ တပ်မတော်ပါ၊ ပါဝင်ကူညီ၊ တပ်မတော်၏ အစဉ်အလာကောင်း(၁၂)ရပ်၊ တပ်မတော်အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူမင်းအောင်လှိုင် ၂၇-၃-၂၀၂၁ ရက်နေ့(၇၆)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ် ချက်၊ နွေအလှ၊ တပ်မတော်သည်အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်စသည့် ခေါင်းစဉ်များ ပါဝင်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)