နမ္မတူမြို့နယ်တွင် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

နမ္မတူ မတ် ၂၃

နမ္မတူမြို့နယ်၌ မတ်လ (၂၇) ရက်နေ့တွင်ကျရောက်မည့် (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို မတ်လ (၂၃)ရက်နေ့ နံနက် (၉)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှမ်း ပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ဖြန့်ဝေဆောင်ရွက်ရာတွင် (၇၇)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တည့်မတ် ထိန်းသိမ်းဆောင်ရွက်လျက်ရှိ၊ တိုင်းပြည်ထူထုနဲ့ယှဉ်၍ ကိုထိလက်ရောက် ပါဝင်ကူညီ၊ တပ်မတော် ၏ အစဉ်အလာကောင်း (၁၂)ရပ်၊ ကာကွယ်စောင့်ရှောက်သွားမည်သာ၊ စိုးမိုး (ပုသိမ်)၏ နွေအလှ ကဗျာ၊ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှ သစ္စာမဖောက်၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါနှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်၊ စသည့် ဆောင်ပုဒ်၊ အကြောင်းအရာများပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ် ဝေသည့်  (၇၇)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် စောင်ရေ (၂၅၆)စောင်အား နမ္မတူမြို့နယ် မြို့မဈေးအနီး ဗိုလ်ချုပ်လမ်းတစ်လျောက်ရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာရုံးများ၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများနှင့်  မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းအားလုံးသို့ ရောက်ရှိစေရေး မြို့နယ်ပညာရေးမှူးရုံးသို့လည်းကောင်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။       

လူမော် (ပြန်/ဆက်)