ကွတ်ခိုင် မတ် ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲအိုမီခရွှန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့နံနက် ၁၁နာရီက မြို့ပေါ် ရပ်ကွက်(၂)ခုတွင် လှည့်လည်နှိုးဆော်ခဲ့ကြသည်။
အဆိုပါ ပညာပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြိုနယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွှန်ရောဂါသည် ယခင်ကိုဗစ်- ၁၉နှင့်လုံးမတူတော့ခြင်း၊ ယခင်ကိုဗစ်ဖြစ်ပွားသူများလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါ ကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရန် လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင်ဆေးကြောရန်၊ လူစုလူဝေးများသော နေရာများသို့ ရှောင်ရှားကြရန်၊ ကာကွယ်ဆေးထိုးနှံမှုများကို အကြိမ်အရေအပြည့် ထိုးနှံခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကို လျော့ချနိုင်ရန် ပူးပေါင်းပါဝင်ပေးကြရန် အသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ဌေးဌေး