အခြေခံပညာအလယ်တန်းအဆင့် အဋ္ဌမတန်းနှစ်ဆုံးစာမေးပွဲ နောက်ဆုံးရက်တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆို

ကျိုက်မရော  မတ် ၂၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းအခြေခံပညာ အလယ်တန်းအဆင့် နှစ်ဆုံး စာမေးပွဲ များကို မတ်လ ၁၇ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် နောက်ဆုံးနေ့အဖြစ် သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြေဆို လျက်ရှိကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုပညာသင်နှစ်အတွက် အဋ္ဌမတန်း နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူ (၁၀၅၃)ဦး ရှိပြီး စာဖြေဌာန(၃၇)ခုတို့တွင်တစ်ပြိုင်တည်း ဖြေဆိုစေခဲ့ရာ ယနေ့ မတ်လ ၂၃ရက်နေ့တွင် နောက်ဆုံး ဘာသာရပ်ကို ပျက်ကွက်မရှိ အေးချမ်းစွာဖြေဆိုနေပြီး ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)