Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တွံတေးမြို့နယ်၌ ဌာနဆိုင်ရာရုံးများ မီးဘေးလုံခြုံရေး မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေး
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ဌာနဆိုင်ရာရုံးများအား ယခုချိန်ခါသည်ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့ပေါ်ဌာနဆိုင်ရာရုံးများသို့ကွင်းဆင်း၍ လက်တွေ့သရုပ်ပြသခြင်း အသိပညာပေးခြင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ် ဖျော်ဖြေတင်ဆက်မှုကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ သွားရောက်ကြည့်ရှုအားပေး
Jan 17,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့ညပိုင်းက နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ (ကျောပိုးအိတ်)မှ လာရောက်ဖျော်ဖြေတင်ဆက်မှုကို ဒေသခံပြည်သူများက သောင်းသောင်းဖြဖြ သွားရောက်ကြည့်ရှုအားပေးခဲ့ရာ ပွဲတော်မှာ ကြိတ်ကြိတ်တိုးစည်ကားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက် အောင်မြေသာစည်လမ်းရှိ မြိုင်တည်းခိုခန်းနှင့် နဝရတ်ကွန်ဒိုတို့အား မြို့နယ်မီးသတ်စခန်းမှ ဒုတိယမြို့နယ်ဦးစီးမှူး ဦးဆောင်၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး
Jan 17,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ မွန်းလွဲ(၁)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက်၍ ငှားရမ်းပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားနှင့် မွန်ပြည်နယ် လယ်ယာမြေစီမံခန…
Jan 17,2025
သူနာပြုသင်တန်းကျောင်း (မော်လမြိုင်)၏ အပတ်စဉ် (၅ဝ) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ သူနာပြုသင်တန်းကျောင်း(မော်လမြိုင်)၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ပြည်သူများအတွက် သူနာပြုအတတ်ပညာများဖြင့် ဘေးကင်းလုံခြုံစိတ်ချရတဲ့ အရည်အသွေးရှိတဲ့ သူနာပြုကောင်းများ ပေါ်ထွန်းလာစေရေး စဉ်ဆက်မပြတ်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း၊ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်နိုင်ဖို့ ရည်ရွယ်ပြီး မွန်မြတ်တဲ့စိတ်ကောင်း၊ စေတနာကောင်းများနဲ့ သူနာပြုသားဖွားအတတ်ပညာကို ရွေးချယ်ကာ သူနာပြုသင်တန်းဝင်ခွင့်ရရှိခဲ့ကြတဲ့ သူနာပြုသင်တန်းသား မောင်၊ မယ်များအတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ သင်တန်းတက်ရောက်ရန် မိမိတို့ထားရှိခဲ့တဲ့ ရည်ရွယ်ချက်များကို အပျောက်မခံဘဲ စိတ်ဓာတ်ကြံ့ခိုင်ပြီး ထက်သန်တဲ့ လုံ့လ၊ ဝီရိယတို့နဲ့ ကြိုးစားကြဖို့ တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ် အမှတ်(၆)ရပ်ကွက် ကံဘဲ့လမ်းရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ရုံးခွဲမှ ၀န်ထမ်းများအားမီး ဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်…
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ကံဘဲ့လမ်းရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရုံးခွဲမှ ၀န်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှုမရှိစေရေး အတွက်မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြိမ်းသတ်ရေးသရုပ်ပြမှုများအား ဇန်နဝါရီ ၁၅ ရက်နေ့ နံနက်(၁၀)နာရီမှ ၁၁ နာရီ ၁၅ မိနစ်အချိန်ထိ သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အမှတ်(၅)ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းလိုက်လံစစ်ဆေး
Jan 17,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ယခုအခါ ပူပြင်းခြောက်သွေ့သည့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေး၊ ဖြစ်ပွားပေါ်ပေါက်လာပါက အမြန်ဆုံးမီးငြိမ်းသတ်နိုင်ရေးနှင့် မီးလောင်မှုလျော့နည်းစေရေး ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ်အတွင်းရှိ ဈေးများ၊ ဆိုင်များ၊ ဌာနဆိုင်ရာရုံးများနှင့် ကျောင်းများတွင် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အပြင် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးစနစ်တကျ သုံးစွဲခြင်းရှိ /မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါသည်။
အပြည့်အစုံ ဖတ်ရန်
မိုးနဲမြို့ ပန်အူ-စက်တော်လမ်း မြေသားလမ်းမှကျောက်ချောလမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
Jan 16,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ပြည်နယ်(မူလ) ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်သော နားခံကျေးရွာအုပ်စု၊ ပန်အူ-စက်တော်လမ်း ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
2133
Page
2134
Page
2135
Page
2136
Current page
2137
Page
2138
Page
2139
Page
2140
Page
2141
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department