မြစ်ကြီးနား ဇန်နဝါရီ ၁၅
ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ပြည်နယ်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဒေသထွက်တစ်သျှူးငှက်ပျောဝိုင်နှင့် ဂရိတ်ဖရုဝိုင် ထုတ်လုပ်မှုနည်းပညာ လွှဲပြောင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီခွဲက မြစ်ကြီးနားမြို့ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသူရိန်လင်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ၊ ဆက်လက်ဖွင့်လှစ်ပေးသွားမည့် သင်တန်းများနှင့် သင်တန်းများ ဖွင့်လှစ်ပေးနိုင်ခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားပြီး သင်တန်းသား/သင်တန်းသူများအား သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်း များ ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား/ တိုင်းရင်းသူများအား ငှက်ပျောဝိုင်နှင့် ဂရိတ်ဖရုဝိုင်ထုတ်လုပ်မှုနည်းပညာများကို ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ အထိ စာတွေ့/လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)