ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ

ပေါင် ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) အား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘူတာကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ရင်းငြိမ်မြောက်ကျေးရွာ တောင်သူတစ်ဦး၏ လယ်မြေ၌ ပြုလုပ်ခဲ့သည်။

ထို ဒုတိယသီးနှံနွေစပါး (အောင်နိုင်တိုး) လက်ဆွဲကောက်စိုက်စက်နှင့် ကူဘိုတာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းကွင်းသရုပ်ပြ လက်တွေ့ပြသစိုက်ပျိုးခြင်းကို ရင်းငြိမ်မြောက်ကျေးရွာရှိတောင်သူ ဒေါ်သီင်္ဂီမြင့်၏ လယ်ယာမြေ၌ ပြုလုပ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်၊ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမြင့်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကာ လိုအပ်သည်တို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့သည်။

သထုံခရိုင်၊ ပေါင်မြို့နယ်စက်မှုလယ်ယာဦးစီးဌာနအ‌နေဖြင့် ပေါင်မြို့နယ်အတွင်း နွေစပါးစိုက်ကာလ၌ တောင်သူများ လုပ်သားရှားပါးမှု ပြေလည်စေရန်အတွက် ကျဲပက် စိုက်ပျိုးခြင်းအစား လက်ဆွဲကောက်စိုက်စက်နှင့် ကူဘိုတာကောက်စိုက်စက်ကို အသုံးပြုပြီး စိုက်ပျိုးခြင်းဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံရေးနှင့် တောင်သူများ၏ လူမှုစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေနိုင်ရန်ရည်ရွယ်၍ ပြသရခြင်းဖြစ်ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)