မြောင်းမြ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မီးဘေးအန္တရာယ်စိုးရိမ်ရသည့် (gas) အရောင်းဆိုင်များစစ်ဆေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းများကို မြောင်းမြမြို့နယ် ဒုမီးသတ်ဦးစီးမှူး ဦးမင်းလွင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် စိုးရိမ်ရသည့် gas အရောင်းဆိုင်များ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဖြစ်သည့် နေအိမ်များ တစ်အိမ်တက်ဆင်းစစ်ဆေးခြင်း၊ စက်ရုံ/အလုပ်ရုံများ၊ မီးဘေးစိုးရိမ်ရသောလုပ်ငန်းများစစ်ဆေးခြင်း၊ သစ်တောများ မီးမလောင်ရေး စစ်ဆေးအကြံပေးဆွေးနွေးခြင်း၊ မီးသတိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာ (ပြန်/ဆက်)