ကျောင်းကုန်းမြို့၌ မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေး

ကျောင်းကုန်း ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်နှင့် မြို့မဈေးကြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်ဝင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့် ဈေးကော်မတီဝင်များ ပူးပေါင်း၍ အိမ်တိုင်းအိမ်တိုင်းက မီးကိုကြိုတင်ကာကွယ်တားဆီးနိုင်ရန် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည့် အချက်(၂၀)ကို လိုက်နာကြဖို့နှင့် စနစ်တကျ မီးသုံးစွဲကြဖို့ မီးသတိမူရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)