အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်မင်္ဂလာကန်‌တော်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၊ ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
Jan 14,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၁/၂၀၂၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ရှောက်ပင်ကျေးရွာနှင့် ဝါတရာကျေးရွာ လမ်းမပေါ်ရှိ ကျေးရွာချင်းဆက် တံတားတစ်စင်းတည်ဆောက်နေမှုအား ယခုဇန်နဝါရီလ ဒုတိယပတ်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 14,2025
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရန် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
Jan 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မိုင်းလုံးကျေးရွာအုပ်စုကျေးရွာ အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က မိုင်းလုံး​ကျေးရွာအုပ်စုတွင် (၁၇) ကြိမ်​မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲ​တော် အမှတ်တရ ချစ်ကြည်​ရေးဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Jan 14,2025
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လေးပြင်းဘေးဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ နေအိမ်များအတွက် ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 14,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်း‌ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ စုံညီပွဲတော်အား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အလှစစ်ဂုဏ်ရည် ထ(၁)စုံညီ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။