ပင်းတယ ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ ရှောက်ပင်ကျေးရွာနှင့် ဝါတရာကျေးရွာ လမ်းမပေါ်ရှိ ကျေးရွာချင်းဆက် တံတားတစ်စင်းတည်ဆောက်နေမှုအား ယခုဇန်နဝါရီလ ဒုတိယပတ်က ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်ဝေဝေလွင်ဖြိုး၊ ဦးစီးအရာရှိ(မြို့ပြ) ဒေါ်တင်တင်ထွေးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ တံတားအရှည်မှာ အရှည်ပေ(၄၀) ကွန်ကရစ်တံတားဖြစ်ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ရန်ပုံငွေ (၁၉၀.၂၇၀) ကျပ်သန်းဖြင့် ဟိန်းထက်ထွန်းကုမ္ပဏီက တာဝန်ယူတည်ဆောက်နေပြီး တံတားပြီးစီးမှုရာခိုင်နှုန်း ၇၅ % ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)